Fusion Splicing
Fusion splicing ဆိုတာက electric arc (လျှပ်စစ်စီးကြောင်း) ကိုသုံးပြီးတော့ fiber နှစ်ခုကို fusion or welding (ဂဟေဆက်ခြင်း) ဖြစ်စဉ်ပဲဖြစ်ပါတယ်။ Loss အနည်းဆုံး နဲ့ reflectance အနိမ့်ဆုံး ဖြစ်တဲ့အပြင် fiber နှစ်ခုကြား ဆက်ရာကလည်း အခိုင်မာဆုံးနဲ့စိတ်အချရဆုံး ဖြစ်တဲ့အတွက် splicing method တွေထဲမှာ fusion splicing က အသုံးအများဆုံးလည်းဖြစ်ပါတယ်။ Single mode splice အားလုံးနီးပါးက fusion ပါပဲ။ Multimode fiber တွေက fusion splice လုပ်ရခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ graded-index profile ဖြစ်စေတဲ့ ဖန်သားအလွှာများစွာနဲ့ ကြီးမားတဲ့ core က တခါတရံမှာ အထူးသဖြင့် အမျိုးအစားနဲ့ ထုတ်လုပ်သူ မတူတဲ့ fiber တွေနဲ့ တွဲဖက်ဖို့ခက်ခဲပါတယ်။ Fusion splicing machines တွေကအများအားဖြင့် အလိုအလျောက်အလုပ်လုပ်တဲ့ tools (ပစ္စည်း) တွေပါပဲ။ အဲဒါတွေက splicing process ကိုသူ့ဘာသာထိန်းချုပ်မယ့် splicing parameters (splicing သတ်မှတ်ချက်)တွေ ကြိုတင်ချိန်ကိုက်ခြင်း ဒါမှမဟုတ် စက်ရုံကသတ်မှတ်ထားတဲ့ setting တွေကိုရွေးချယ်ခြင်းတွေ လိုအပ်ပါတယ်။ Splice quality က cleave quality (ဖြတ်ရာ အရည်အသွေး) ပေါ်မူတည်သဖြင့် splicing စက်အာ...