Fiber Optics Basics
Fiber Optics Basics
Fiber
Optics Basics
Introduction
Fiber optic technology ဆိုတာက data တွေကို
transmit လုပ်ဖို့အတွက် Light (အလင်း)ကို အသုံးပြုခြင်းပဲဖြစ်ပါတယ်။ Fiber optic ပုံမှန်အသုံးပြုမှုတွေကို
၁၉၇၀ခုနှစ်တွေအထိ မစတင်ခဲ့သေးပါဘူး။ Corning Glass Works ဌာနက Robert Maurer က
fiber ကို စီးပွါးဖြစ်သုံးနိုင်အောင် အဆင့်မြှင့်ရင်း 20 dB/km loss နဲ့ရအောင် အဆင့်မြှင့်နိုင်ခဲ့တယ်။
အဲ့ဒီကတည်းက Fiber optic အသုံးပြုမှုက တဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။ Fiber နည်းပညာ တိုးတက်မှု
၊ ထုတ်လုပ်မှု နဲ့ တပ်ဆင်မှု ကုန်ကျစရိတ်နည်းပါးမှုတွေကြောင့် Fiber ကို ကမ္ဘာအနှံ့အသုံးပြုမှုအထိ
ဖြစ်လာခဲ့ပါတယ်။
ဒီစာရွက်ရဲ့ ရည်ရွယ်ချက်က fiber အကြောင်းအကျဉ်းချုပ်နဲ့
၎င်းရဲ့ တည်ဆောက်ပုံ နဲ့ လုပ်ဆောင်ပုံတွေကို တင်ပြပေးဖို့ပဲဖြစ်ပါတယ်။
Fiber Optic Overview
Fiber ကိုအလွန်အမင်းသုံးတာက
telecommunications industry တွေပဲဖြစ်ပါတယ်။ Telephone ကုမ္ပဏီတွေက fiber ကို central
office တည်နေရာတွေကြား high volumes of voice traffic ကို transport လုပ်ဖို့အတွက်
စတင်အသုံးပြုကြပါတယ်။ ၁၉၈၀ ခုနှစ်တွေအတွင်း telephone ကုမ္ပဏီတွေက သူတို့ရဲ့
network တစ်လျှောက် fiber ကိုစတင်ဖြန့်ကျက်ကြပါတယ်။ Fiber နည်းကညာက ကုမ္ပဏီတွေကို “future
proof” network တွေဆီ လမ်းဖွင့်ပေးခဲ့တယ်။ “Future proof” ဆိုတဲ့စာလုံးကို အသုံးပြုရတာက
fiber က သီအိုရီနည်းကျစွာ bandwidth အကန့်အသတ်မဲ့ ပါတယ်။ Bandwidth ဆိုတာက media
(fiber ကိုရည်ညွှန်း) ရဲ့ data သယ်ဆောင်နိုင်စွမ်းကို တိုင်းတာတဲ့ အတိုင်းအတာပဲဖြစ်ပါတယ်။
Bandwidth များလေ data (သို့) information များများကို ပိုပြီးတော့ transmit လုပ်နိုင်လေပါပဲ။
Copper ကတော့ ၄င်းကိုလူကြိုက်နည်းစေတဲ့ bandwidth ရယ် distance ကန့်သတ်ချက်ရယ်ရှိပါတယ်။
Fiber ရဲ့ကောင်းကျိုးတွေက
-
·
Voice , video နဲ့ data အသုံးပြုမှုတွေအတွက်
bandwidth ကများပါတယ်
·
Optical fiber က copper ထက် information ကို
အဆထောင်ပေါင်းများစွာ ပိုသယ်ဆောင်နိုင်ပါတယ်။ ဥပမာ။ ။ Fiber တစ်ချောင်းက United States က
telephone စကားပြောဆိုမှုအားလုံးကို လိုင်းကျပ်ဆုံးအချိန်မှာတောင် သယ်ဆောင်နိုင်ပါတယ်။
·
Fiber က copper ထက် ပေါ့ပါးပါတယ်။ Copper
cable က ပေ ၁၀၀၀ မှာ ခန့်မှန်းချေ ပေါင်၈၀ လောက်ရှိပြီး fiber ကတော့ ပေ ၁၀၀၀ မှာ ၉ပေါင်လောက်ပဲရှိပါတယ်။
·
Loss နည်းတယ်။Frequency များလေ copper
cable မှာသုံးတဲ့ signal loss က များလေပါပဲ။ Fiber မှာဆို အလွန်မြင့်မားတဲ့
frequency ကလွဲ၍ frequency တိုင်းမှာ signal loss ကအတူတူပါပဲ။
·
ယုံကြည်စိတ်ချရမှု ။ Fiber က copper ထက်ပိုယုံကြည်စိတ်ချရပြီး
ပိုပြီးလည်း သက်တမ်းရှည် ပါတယ်။
·
လုံခြုံမှု ။ Fiber က electromagnetic
interference မထုတ်ဘူး ပြီးတော့ ကြားဖြတ်နားထောင်ဖို့လည်းခက်ခဲပါတယ်။
Optical Fiber Construction
Optical fiber ကို element များစွာနဲ့ ဖွဲ့စည်းထားပါတယ်။
Fiber optic cable တည်ဆောက်ပုံမှာ core, cladding, coating buffer, strength member
နဲ့ outer jacket တို့ပါဝင်ပါတယ်။ Optic core က center မှာရှိပြီး အလင်းသယ်ဆောင်တဲ့
အရာဖြစ်ပါတယ်။ Core ကို ပုံမှန်အားဖြင့် silica နဲ့ germania တို့ပေါင်းစပ်တည်ဆောက်ထားပါတယ်။
Core ကိုဝန်းရံထားတဲ့ cladding ကိုတော့ pure silica နဲ့ပြုလုပ်ထားပါတယ်။ Cladding က
core ထက် index of refraction အနည်းငယ်ပိုနည်းပါတယ်။ Refractive index (ယိုင်ညွှန်းကိန်း)
နည်းတာက core ထဲက အလင်းကို cladding မှာအလင်းယိုင်စေပြီး (အလင်းကို) core ထဲမှာပဲတည်ရှိစေပါတယ်။
Index of refraction ဆိုတာက လေဟာနယ်ထဲမှာရှိတဲ့
အလင်းရဲ့အလျှင်နဲ့ ဒြပ်ထုတစ်ခုထဲ မှာရှိတဲ့ အလင်းရဲ့အလျှင်ကို အချိုးချထားခြင်းပဲဖြစ်ပါတယ်။
လေဟာနယ်ထဲမှာရှိတဲ့ အလင်းရဲ့အလျှင်
က 300, 000, 000
meters per second ပဲဖြစ်ပါတယ်။ Index of
refraction များလေလေ ဒြပ်ထုထဲမှာဖြတ်တဲ့ အလင်းရဲ့အလျင်က
နှေးလေလေပါပဲ။
Index of Refraction = Light velocity
(vacuum) / Light velocity (material)
ဥပမာ။ ။
Air = 300, 000, 000 meters/second
IR=1
Glass = 200, 000, 000 meters/second
IR=1.5
Fiber မှာ single mode နဲ့ multimode ဆိုပြီးရှိတယ်။
Fiber size တွေကို နံပါတ်နှစ်ခု သုံးပြီးဖော်ပြကြတယ်။ 8/125။ ပထမနံပါတ်က core size
in microns ကိုရည်ညွှန်းပြီး ဒုတိယနံပါတ် က core size နဲ့ cladding size ကိုပေါင်းထားတာကို
ရည်ညွှန်းပါတယ်။
Fiber Connectors
အသုံးအများဆုံး
fiber connector ကတော့ SC conntctor ပဲဖြစ်ပါတယ်။ Network administrators တွေက fiber
connector ရွေးချယ်တဲ့အခါ low loss, footprint size, နဲ့ locking capabilities တွေကိုထည့်စဉ်းစား
သင့်ပါတယ်။
Types of Fiber
Single mode fiber မှာအလင်းကို မျဉ်းဖြောင့်တစ်ခုအဖြစ်နဲ့သွားစေတဲ့
အလွန်သေးငယ် သော core တစ်ခုရှိပြီး ပုံမှန်အားဖြင့် 8 or 10 microns အရွယ်အစားရှိပါတယ်။
၎င်းမှာ transmitting equipment ပေါ်မူတည်ပြီး 80 kmကျော်ကို မထပ်ပဲသွားနိုင်တဲ့ အကန့်သတ်မဲ့
bandwidth ရှိပါတယ်။ Single mode fiber က multimode fiber ထက် အလွန်များပြားတဲ့
information capacity ရှိပါတယ်။
Multimode fiber က အလင်းလမ်းကြောင်းများစွာ
သွားလို့ရပြီး core size ပိုကြီးပါတယ်။ Core size က 50 or 62.5 microns ရှိပါတယ်။
Multimode fiber မှာ အလင်းက လမ်းကြောင်း (modes) များစွာနဲ့ဖြာဆင်းပါတယ်။
Multimode fiber ကိုပုံစံနှစ်မျိုးနဲ့ ထုတ်လုပ်နိုင်ပါတယ်
- step-index နဲ့ graded index ။ Step-index fiber မှာ core ရဲ့ index of
refraction နဲ့ cladding ရဲ့ index of refraction ကြား ရုတ်ချည်းပြောင်းလဲမှုတစ်ခုရှိတယ်။
Multimode step-index fibers တွေက တခြား fiber design တွေထက် bandwidth ပိုနည်းပါတယ်။
Graded index fiber ကို step index
fiber ရဲ့ ရှိရင်းစွဲ modal dispersion ကိုလျှော့ချဖို့ အတွက် ဒီဇိုင်းဆွဲခဲ့ကြတယ်။
Modal dispersion က higher and lower order modes တလျှောက် core ကိုဖြတ်ပြီး light
pulses သွားနေစဉ်မှာ ဖြစ်ပွါးပါတယ်။ Graded index fiber ကို core မှာ index of
refraction အမြင့်ဆုံးရှိတဲ့ layers များစွာနဲ့ ဖွဲ့စည်းထားပါတယ်။ Layers တွေက
center ကနေ တဖြည်းဖြည်းဝေးသွားတဲ့အတွက်ကြောင့် layer တစ်ခုချင်းစီမှာ index of
refraction တဖြည်းဖြည်း နည်းသွားပါတယ်။ High order modes တွေက cladding ရဲ့ outer
layer အထိဝင်ပြီး core ဆီကို အလင်းပြန်သွားကြပါတယ်။
Multimode graded index fibers တွေက output pulse ရဲ့ attenuation (loss) ပိုနည်းပြီး
multimode step-index fibers တွေထက် bandwidth ပိုများပါတယ်။
Single
mode step-index fibers တွေမှာ အလင်းက တစ်ကြောင်းတည်း သွားတဲ့ အတွက် ကြောင့်modal
dispersion က မသက်ရောက်ပါဘူး။ Single mode step-index fibers တွေက chromatic
dispersion မှတစ်ဆင့် light pulse က stretching and shrinking (ဆန့်ခြင်း နှင့် ကျုံ့ခြင်း)
ကိုကြုံတွေ့ရပါတယ်။ Chromatic dispersion က light pulse တစ်ခုမှာ wavelength တစ်ခုထက်ပိုပါတဲ့အခါ
ဖြစ်ပွါးပါတယ်။ Wavelengths တွေက မတူညီတဲ့ speed နဲ့သွားပြီး အလင်းတန်းကို ပျံ့နှံ့စေပါတယ်။
Dispersion က optical signal က core အပြင်ဘက် cladding ထဲရောက်တဲ့အခါမှာလည်း ဖြစ်ပွါးပြီး
total pulse ကို ဆန့်စေပါတယ်။
Single mode shifted fiber က dispersion
ကိုလျှော့ချဖို့အတွက် core and cladding အလွှာများစွာကို အသုံးပြုထားပါတယ်။
Dispersion shifted fibers တွေမှာ attenuation (loss) နည်း ၊ transmission
distance ပိုရှည်ပြီး bandwidth ပိုများပါတယ်။
Fiber cable အကြောင်းဆွေးနွေးတဲ့အခါ ICF
နဲ့ OSP ဆိုတာကို ကြားရလိမ့်မယ်။ IFC က intrafacility fiber cable ကိုရည်ညွှန်းပါတယ်။
ဒီလို fiber အမျိုးအစားတွေက အဆောက်အအုံတစ်ခု လိုမျိုး ထိန်းချုပ်ထားတဲ့ ပတ်ဝန်းကျင်တစ်ခုထဲမှာ
သုံးဖို့အတွက် ဒီဇိုင်းဆွဲထားပါတယ်။ ဒီ Cable တွေက အဆောက်အအုံထဲမှာ သုံးတဲ့အတွက်
physical protection သိပ်မလိုပဲ ပိုပြီးတော့ flexible ဖြစ်ပါတယ်။ Outside plant
cable (OSP) ကို ပြင်းထန်တဲ့ အပူချိန် ၊ မိုး နဲ့ လေတို့တိုက်ရိုက်ထိတွေ့ နိုင်တဲ့
အန္တရာယ်များတဲ့ ပတ်ဝန်းကျင်မှာ အသုံးပြုကြပါတယ်။ ဒီ cable တွေက ပိုပြီးတော့ ဒူပေနာပေခံတယ်
ပြီးတော့ fiber ကိုကာကွယ်ဖို့အတွက် buffering နဲ့ sheathing အပို layer တွေရှိပါတယ်။
Fiberတွေကို standarded နဲ့ ribbon
cableတစ်မျိုးမျိုးအဖြစ်တပ်ဆင်ကြပါတယ်။ Standard cables တွေက အတူတကွ စည်းနှောင်ထားတဲ့
individual fiber တွေပဲဖြစ်ပါတယ်။ Ribbon cables ကို fiber ၁၂ ချောင်းအထိ အုပ်စုဖွဲ့
တည်ဆောက်ထားပြီး multi fiber ribbon တစ်ခု တည်ဆောက်ဖို့ အတွက် plastic နဲ့ coating
လုပ်ထားပါတယ်။ Standarded နဲ့ ribbon fiber အစည်းကို loose or tight buffering
cable ထဲအတူတကွ ထုပ်ပိုးနိုင်ပါတယ်။
Optics
Optical communications system တိုင်းမှာ
companent သုံးခုနဲ့ဖွဲ့စည်းထားပါတယ်။
·
Transmitter
·
Medium (fiber cable)
·
Receiver
Transmitter
က electrical signal ကနေ light အဖြစ်ကူးပြောင်းပေးပြီး ၄င်းကို fiber ထဲပို့လွှတ်ပေးပါတယ်။
Receiver က optical signal ကိုရရှိပြီး ၄င်းကို
electrical signal အဖြစ် ပြန်ပြောင်းပေးပါတယ်။ Transmitter နှစ်မျိုးရှိပါတယ်။
·
Laser diode
·
LED (Light Emitting Diode)
Output power က specific drive current တစ်ခုမှာ
ထုတ်လွှတ်တဲ့ power ပမာဏကို ရည်ညွှန်းပါတယ်။ Output power များလေ transmission
distance များလေပါပဲ။ System ရဲ့ bandwidth လိုအပ်ချက်ကို ပြည့်မှီဖို့အတွက်
transmitter က switch on and off လုပ်နိုင်တဲ့ speed ကို switching speed လို့ခေါ်ပါတယ်။
ပိုမြန်တဲ့ switching speed က bandwidth များများပါတဲ့ pusles တွေကို ပိုပြီးပို့လွှတ်နိုင်ပါတယ်။
Source ကထုတ်လွှတ်တဲ့ range of wavelength ဆိုတာ spectral width ပဲဖြစ်ပါတယ်။ ကျဉ်းမြောင်းတဲ့
spectral width က bandwidth ပိုများပါတယ်။
Transceivers တွေကို optical source ရဲ့
ပတ်ဝန်းကျင်အခြေအနေကို အာရုံခံနိုင်စွမ်းအပေါ် တန်ဖိုးဖြတ်ကြပါတယ်။ Laser diode က တည်ငြိမ်တဲ့
voltage နဲ့ temperature ကိုလိုအပ်ပါတယ်။ LEDs တွေက ပတ်ဝန်းကျင် မငြိမ်သက်မှုကို အာရုံခံနိုင်စွမ်းပိုနည်းပါးပါတယ်။
Laser diodes တွေက မြင့်မားတဲ့ စွမ်းရည်လက္ခဏာတွေ ၊ temperature တည်ငြိမ်ဖို့အတွက် အပိုပစ္စည်းတွေနဲ့
သက်တမ်းတိုမှုတွေကြောင့် ကုန်ကျစရိတ်ပိုများပါတယ်။ LED optical source တွေရဲ့ စွမ်းဆောင်ရည်
နိမ့်မှုနဲ့ သက်တမ်းရှည်မှုက တပ်ဆင်ဖိုပိုလွယ်ကူစေပြီး ကုန်ကျစရိတ်သက်သာပါတယ်။
Transmitters
တွေကို wavelength ၃ခု (850 nanometers, 1310 nanometers, and 1550 nanometers) ထဲက
၁ခုခုနဲ့ ထုတ်လွှတ်နိုင်အောင် ဒီဇိုင်းဆွဲထားပါတယ်။ ဒီ wavelength တွေက attenuation
အလွန်နည်းတဲ့အတွက်ကြောင့် fiber optic communications အတွက် ကောင်းမွန်တဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။
Attenuation က optical power ဆုံးရှုံးမှုပဲဖြစ်ပြီး decibels နဲ့တိုင်းပါတယ်။
+dB = -10log10 = output power / input
power
Logarithmic measurement. Decibel
number အနည်းငယ်ပြောင်းလဲခြင်းက power များစွာပြောင်းလဲမှုကို ကိုယ်စားပြုတယ်။
Negative လက္ခဏာက signal power ဆုံးရှုံးမှုကို
ပြတယ်။
Positive လက္ခဏာက signal power ရရှိမှုကိုပြတယ်။
ဥပမာ။ ။ -30dB = 50 % power loss, power 50% ပဲကျန်
-10dB = 90% power loss, power 10% ပဲကျန်
Attenuation ရဲ့အကြောင်းအရင်း
·
Iron, copper or cobalt လိုမျိုး fiber ထဲက
အလွန်သေးငယ်တဲ့ အညစ်အကြေးတွေကြောင့် optical energy ဆုံးရှုံးမှု
·
Microscopic imperfections တွေနဲ့ထိတွေ့မှုကြောင့်
အလင်းတန်း ပျံ့ကြဲမှု (Rayleigh scattering)
·
Fiber ထဲက nick or dent (အပွန်းအပဲ့)တွေကြောင့်ဖြစ်တဲ့
microbending က အလင်းတန်းကိုနှောင့်ယှက်မှု
·
Fiber က၄င်းရဲ့ minimum bend radius ထက်ကျော်လွန်ပြီး
ကွေးတဲ့အခါ macrobending ဖြစ်မှု
Receiver မှာ components သုံးခုပါဝင်တယ်။
·
Detector
·
Amplifier
·
Demodulator
Detector က optical signal ကို electrical signal အဖြစ်ကူးပြောင်းပေးပါတယ်။
Amplifier က signal strength ကို တိုးမြှင့်ပေးပါတယ်။ Demodulator က original
electrical signal ကို extract လုပ်ပါတယ်။
Receiver ကိုရွေးချယ်တဲ့အခါ sensitivity
နဲ့ dynamic range ကိုထည့်စဉ်းစားဖို့လို တယ်။ Sensitivity က receive လုပ်နိုင်တဲ့
signal strength ပမာဏအနည်းဆုံးကိုဆိုလိုပြီး data ကို detect and decode တိတိကျကျလုပ်ဖို့
အလင်းပမာဏဘယ်လောက်လိုအပ်လဲ ဆိုတာကို တိုင်းတာတဲ့အတိုင်းအတာတစ်ခုပဲဖြစ်ပါတယ်။ ၄င်းကို
dBm (ယူနစ်) နဲ့ဖော်ပြပြီး များသောအားဖြင့် အနှုတ်လက္ခဏာရှိပါတယ်။ နံပါတ်ကသေးလေ
receiver ကကောင်းလေ ပါပဲ။ ( -30 dBm က -20 dBm ထက်ပိုသေးပါတယ်။)
Dynamic range က receiver ကလက်ခံနိုင်တဲ့
singal strength ရဲ့ range ပဲဖြစ် ပါတယ်။
ဥပမာ။ ။ Receiver က signal တစ်ခုကို -30dBm နဲ့
-10dBm ကြားကို လက်ခံနိုင်ရင် ၄င်းရဲ့ dynamic range က 20dB ဖြစ်ပါတယ်။ Receiver ကလက်ခံနိုင်တဲ့
ပမာဏထက်ကျော်ပြီး (သို့)နည်းပြီးရောက်လာတဲ့ signal တွေကို amplified or attenuated
လုပ်ပြီးမှ လက်ခံပါတယ်။
Optical Power budgets
Receive sensitivity နဲ့ transmitter
power ကို cable အတွက်ရနိုင်တဲ့ optical power budget ကိုတွက်ဖို့ရာ အသုံးပြုပါတယ်။
Optical power budget ကိုတွက်ရာမှာ ပထမဆုံးအချက်က electronic devices တွေအတွက် အလင်းဘယ်လောက်ရနိုင်လဲဆိုတာကို
ဆုံးဖြတ်ဖို့ပဲဖြစ်ပါတယ်။ ဒါကို minimum transmit power နဲ့ minimum receive
sensibility ကိုရှာပြီး လုပ်လို့ရပါတယ်။ ဒီအတိုင်းအတာတွေကို ပစ္စည်းထုတ်လုပ်သူတွေဆီကနေရရှိနိုင်ပါတယ်။
Minimum transmit power ဆိုတာ ပစ္စည်းကသတ်မှတ်ထားတဲ့ transmit power ရဲ့အနည်းဆုံးပမာဏကိုဆိုလိုပါတယ်။
ပစ္စည်းရောင်းသူတွေက average transmit power ကိုထုတ်ပေးပါတယ်။ ဒီ average ကိုသုံးတဲ့အခါ
သတိထားပါ။ ဘာကြောင့်လဲဆိုတော့ ပစ္စည်းက အဲဒီ average level မှာ အလုပ်ကောင်းကောင်းလုပ်
နိုင်မယ်လို့ အာမမခံလို့ပါပဲ။
ရရှိနိုင်တဲ့ အလင်းကိုတွက်ချက်ဖို့
minimum transmit power ထဲကနေ minimum receive sensitivity ကိုနှုတ်ရပါတယ်။ Minimum receive sensitivity က များသောအားဖြင့်
negative number ဖြစ်လေ့ရှိပါတယ် (ဥပမာ။ ။
-33 dBm)။ ဥပမာ။ ။ Device တစ်ခုက minimum
transmit power က -10 dBm ရှိပြီး minimum receive sensitivity က -33 dBm ဆိုရင် ရရှိနိုင်တဲ့
power က 23 dBm ဖြစ်လိမ့်မယ်။
Available light
= minimum transmit power – minimum receive sensitivity
= -10 dBm – (-33 dBm)
= 23 dBm
Company (သို့) product model မတူတဲ့ devices
တွေကို connect လုပ်တဲ့အခါ available power calculation ကို နှစ်ဖက်စလုံး (both
direction) မှပြုလုပ်ဖို့လိုပါတယ်။ စွမ်းဆောင်ရည် ကောင်းမွန်ဖို့အတွက် available light
ပမာဏကို calculation နှစ်ခုထဲမှ ပိုငယ်တဲ့ကောင်ကို သုံးသင့်ပါတယ်။
Available light တစ်ခါတွက်ပြီးတိုင်း
loss factors အားလုံးကိုနှုတ်ဖို့လိုပါတယ်။ Loss တွေက cable attenuation, connector
loss and cable splices တွေကနေ အစပြုနိုင်ပါတယ်။ Cable attenuation က အသိသာဆုံး
loss ဖြစ်ပါတယ်။ ဒီနံပါတ်က .22 dB ကနေ .5 dB per kilometer အထိရှိပါတယ်။ ဒီနံပါတ်ကို
number of kilometers နဲ့မြှောက်ပါ။ .4 dB per kilometer loss နဲ့ fiber က 40
kilometers ကျော်တဲ့အခါ 16 dB ဆုံးရှုံးပါလိမ့်မယ်။
အကွာအဝေးတစ်ခုကိုကျော်တဲ့အခါ splicing လုပ်ဖို့လိုပါလိမ့်မယ်။
ဒါ့ကြောင့် splicing loss ပါထည့်တွက်ဖို့လိုပါလိမ့်မယ်။ ပုံမှန်အားဖြင့် splice တစ်ခုကို
.1 dB ထားပါတယ်။ ဒီနံပါတ်ကို splice အရေအတွက်နဲ့မြှောက်ပါ။
တွက်ချက်မှုမှာ connector loss ကလည်း ထည့်သွင်းစဉ်းစားရမယ့်
အချက်တစ်ချက်ပါပဲ။ Network အတွက်လိုအပ်မယ့် connector အရေအတွက် အတိအကျကိုလည်း ဆုံးဖြတ်ဖို့လိုပါမယ်။
Connector ထုတ်လုပ်သူတွေနဲ့ တပ်ဆင်သူတွေက connector loss တွေကိုပေးထားပါတယ်။ စုစုပေါင်း
connector အရေအတွက်ကို connector တစ်ခုမှာရှိတဲ့ loss နဲ့မြှောက်ပါ။
ဒီ factor တစ်ခုချင်းစီကို နဂို
available light ထဲကနှုတ်ပါ။ တွက်ချက်မှုထဲမှာ safety factor ကို ပုံမှန်အားဖြင့် ထည့်တွက်ကြပါတယ်။
ဒီနံပါတ်က organization တစ်ခုနဲ့တစ်ခု မတူပါဘူး။ ဒါပေမယ့် ပုံမှန်အားဖြင့် ခန့်မှန်းခြေ
3 dB ခန့်ကို အသုံးပြုပါတယ်။
အောက်က table မှာ optical link budget ခန့်မှန်းတွက်ချက်ရာမှာသုံးတဲ့
အသုံးများသော နံပါတ်များပဲဖြစ်ပါတယ်။ ရနိုင်ရင် ကိုယ့် network နဲ့ ပစ္စည်းထုတ်လုပ်သူတွေဆီက
real number တွေကို့ အသုံးပြုသင့်ပါတယ်။
***Optical link budget ကိုဒီမှာထပ်လေ့လာနိုင်ပါတယ်***
https://m.facebook.com/story.php?story_fbid=190880907919681&id=179548369052935
*****www.transition.com မှကူးယူဘာသာပြန်သည်*****
https://m.facebook.com/story.php?story_fbid=190880907919681&id=179548369052935
*****www.transition.com မှကူးယူဘာသာပြန်သည်*****
လိုအပ်ချက်တွေ ဖြည့်စွက်ဖတ်ပေးပါရန်။
ReplyDelete