Fusion Splicing

Fusion splicing ဆိုတာက electric arc (လျှပ်စစ်စီးကြောင်း) ကိုသုံးပြီးတော့ fiber နှစ်ခုကို fusion or welding (ဂဟေဆက်ခြင်း) ဖြစ်စဉ်ပဲဖြစ်ပါတယ်။ Loss အနည်းဆုံး နဲ့ reflectance အနိမ့်ဆုံး  ဖြစ်တဲ့အပြင် fiber နှစ်ခုကြား ဆက်ရာကလည်း အခိုင်မာဆုံးနဲ့စိတ်အချရဆုံး ဖြစ်တဲ့အတွက် splicing method တွေထဲမှာ fusion splicing က အသုံးအများဆုံးလည်းဖြစ်ပါတယ်။

Single mode splice အားလုံးနီးပါးက fusion ပါပဲ။ Multimode fiber တွေက fusion splice လုပ်ရခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ graded-index profile ဖြစ်စေတဲ့ ဖန်သားအလွှာများစွာနဲ့ ကြီးမားတဲ့ core က တခါတရံမှာ အထူးသဖြင့် အမျိုးအစားနဲ့ ထုတ်လုပ်သူ မတူတဲ့ fiber တွေနဲ့ တွဲဖက်ဖို့ခက်ခဲပါတယ်။

Fusion splicing machines တွေကအများအားဖြင့် အလိုအလျောက်အလုပ်လုပ်တဲ့ tools (ပစ္စည်း) တွေပါပဲ။ အဲဒါတွေက splicing process ကိုသူ့ဘာသာထိန်းချုပ်မယ့် splicing parameters (splicing သတ်မှတ်ချက်)တွေ ကြိုတင်ချိန်ကိုက်ခြင်း ဒါမှမဟုတ် စက်ရုံကသတ်မှတ်ထားတဲ့ setting တွေကိုရွေးချယ်ခြင်းတွေ လိုအပ်ပါတယ်။ Splice quality က cleave quality (ဖြတ်ရာ အရည်အသွေး) ပေါ်မူတည်သဖြင့် splicing စက်အားလုံးက splicing လုပ်မယ့် fiber ကို တိကျစွာ ဖြတ်ပေးတဲ့ precision fiber cleaver အသုံးပြုမှုကို လိုအပ်ပါတယ်။ Splicing machine အများစုက သတ်မှတ်ထားတဲ့ cleaver နဲ့လာပါတယ်။

Splicing machine နဲ့ cleaver နှစ်ခုစလုံးရဲ့ သင့်တော်တဲ့အသုံးပြုမှုဟာ ထုတ်လုပ်သူတွေရဲ့ အောက်ပါလမ်းညွှန်ချက်တွေကို လိုအပ်ပါတယ်။ ထုတ်ကုန်တစ်ခုချင်းစီက နည်းနည်းချင်းစီ ကွဲပြားပါ တယ် ပြီးတော့ အနည်းငယ်စီ ကွဲပြားတဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း လိုအပ်ပါတယ်။ Manual (လက်စွဲစာစောင်) ဖတ်ခြင်းနဲ့ စက်ပစ္စည်းနှင့်လေ့ကျင့်ခြင်း တွေဟာ အရေးကြီးပါတယ် ၊ အထူးသဖြင့် operator (စက်ကိုင်) ကို သုံးမယ့် splicer နဲ့လေ့ကျင့်မပေးထားရင်ပေါ့။

Automatic Fiber Alignment
Fiber ends တွေကို ရွှေ့လို့ရတဲ့ movable stages ပေါ်မှာထားပြီး အဲ့ဒီ stages က fiber တွေ align (ချိန်ညှိ) ဖို့နဲ့ end gap (အဆုံးနှစ်ခုကြား) ကို အလိုအလျောက် ချိန်ညှိပေးပါတယ်။ အလိုအလျောက် ဖြစ်စဉ်အတွင်းမှုာ splicer က အောက်ပါနည်းလမ်းနှစ်ခုထဲက တစ်ခုကိုသုံးပြီး fiber တွေကို align (ချိန်ညှိ) ပေးပါလိမ့်မယ်။

Optical Core or Profile Alignment Systems (PAS)

Fusion splicer models များစွာဟာ optical alignment technique (အလင်းနှင့်ဆိုင်သော ချိန်ညှိမှုနည်းပညာ) ဖြစ်တဲ့ Optical Core Alignment (Profile Alignment လို့လည်းခေါ်) ကို အသုံးပြုကြပါတယ်။ Fiber နှစ်ခုကို ၉၀ ဒီဂရီ ခြားထားတဲ့ direction နှစ်ခုကနေပြီး အလင်းပေး ပါတယ်။ Video camera ထဲက image (ပုံရိပ်) ကနေတစ်ဆင့် software က fiber ရဲ့ core ကိုမှတ်မိ ပြီး movable stage နဲ့ အလိုအလျောက်ချိန်ညှိပါတယ်။ Fusion splicing ပြီးတဲ့အခါ software က splice loss ကိုလည်း တွက်ချက်ပေးပါတယ်။ Ribbon splicer တွေက ပုံမှန်အားဖြင့် profile alignment ကိုသုံးကြပါတယ်။

Local Injection and Detection (LID System)






 LID Core Alignment က အလင်းရဲ့ “Local Injection and Detection” နည်းလမ်းကိုအသုံး ပြုပါတယ်။ Fiber ရဲ့အပြင်ဘက်အပေါ်ကနေပြီး light source (LED or laser) ကိုထိုးပြီး fiber ကို bend (ကွေး) ခြင်းအားဖြင့် အလင်းကို fiber ထဲထိုးပါတယ် ဒါ့ကြောင့် အလင်းအချို့က core ထဲကိုရောက်သွား ပါတယ်။ Splice  (ဆက်ရာ) ကိုဖြတ်ပြီး light transmission ကိုပေးခြင်းအားဖြင့်  တခြားတဖက်က fiber မှာ စောစောက bend က macrobending loss ကိုဖြစ်စေပြီး ၄င်းကို photodetector ကတိုင်းတာပါတယ်။ Splicer က fiber ထဲဆီးလာတဲ့ အလင်းကို တိုင်းတာပါတယ် LID system က splicing ပြီးတဲ့အခါ splice loss ကိုတွက်ချက်ဖို့အတွက် transmission ကိုလည်း စစ်ဆေးပါတယ်။
နည်းပညာနှစ်ခုလုံးက fiber အများစုနဲ့ ကောင်းမွန်စွာအလုပ်လုပ်ကြပါတယ်။ တပ်ဆင်နေတဲ့ fiber ကို splicer သုံးရတာနဲ့ပတ်သက်ပြီး မေးစရာရှိရင် လမ်းညွှန် လက်စွဲစာစောင် ကိုကိုးကားပါ ဒါမှမဟုတ် ထုတ်လုပ်သူတွေကို မေးမြန်းပါ။
Splicing machine တွေမှာ ပြီးသွားတဲ့ splice (ဆက်ရာ) ပေါ်မှာ ၄င်းကို အစိုဓါတ်နဲ့ အခြားပတ်ဝန်းကျင် အန္တရာယ် တွေမှ ကာကွယ်ဖို့ရာသုံးတဲ့ protective sleeve (အကာအကွယ် အစွပ်) ကို အပူပေးကျုံ့စေဖို့အတွက် heating device တစ်ခုလည်းရှိပါတယ်။

Splicer နဲ့ cleaver ကို ထပ်ပြီးပေါင်းထည့်ရရင် splicing လုပ်တဲ့ နည်းပညာမှာ cable ပြင်ဆင်တဲ့ပစ္စည်းတွေနဲ့ fiber ခွါ (strip) တဲ့ပစ္စည်းတွေ လည်းလိုပါတယ်။








Prepare the cables to be spliced (ဆက်မယ့် cable တွေကိုပြင်ဆင်ခြင်း)
Splicing အတွက်နဲ့ buffer tubes နဲ့ fibers တွေကို splice closure ထဲထည့်ဖို့အတွက် jacket ကိုလုံလောက်တဲ့ ပမာဏ (များသောအားဖြင့် ၂မီတာ မှ ၃မီတာ) ခွါပါမယ်။ Closure နဲ့တွဲဖို့ အတွက် strength member သင့်တော်တဲ့ပမာဏကို ချန်ထားရန် လိုအပ်တဲ့အရှည်အတွက် closure direction (closure လမ်းညွှန်) ကိုကိုးကားပါ။ သင့်တော်တဲ့ cleaner ကိုသုံးပြီး water-blocking materials တွေကို သန့်ရှင်းပစ်ပါ။
Splicing လုပ်ဖို့အတွက် fiber ကိုအုပ်ထားတဲ့ buffer/loose tube ကိုခွါပါ။ ပုံမှန်အားဖြင့် splice closure တွေက closure ထဲမှာ buffer tube ၁ မီတာ နဲ့ splice tray ထဲမှာ fiber ၁ မီတာ လိုပါတယ်။ Water-blocing material အားလုံးကို သန့်ရှင်းပစ်ပါ။

Splice လုပ်မယ့် fiber ကိုပြင်ဆင်ပါ
Splice အမျိုးအစားအားလုံးအတွက် လုပ်ငန်းစဉ် (strip, clean & cleave) ကတော့ တူတူပါပဲ။
Splicing လုပ်ဖို့အတွက် stripping မလုပ်ခင်မှာ fiber အားလုံးကို သန့်ရှင်းရေးအနှံ့အပြား လုပ်ထားရပါမယ်။
Splice လုပ်ဖို့အတွက် အဆင်သင့်ဖြစ်တဲ့အခါ buffer coating ကိုသင့်တော်တဲ့ အရှည်ရအောင် ခွါပါ။
Fiber ကိုသင့်တော်တဲ့ သုတ်စရာနဲ့ သန့်ရှင်းရေးလုပ်ပါ။
သုံးမယ့် cleaver နဲ့ သင့်တော်တဲ့ process ကိုသုံးပြီး fiber ကိုဖြတ်ပါ။
ပြီးရင် Fiber ကို fusion splicing machine ထဲထည့်ပါ။



(အခြား fiber များကိုလည်း ဒီနည်းအတိုင်းဆက်လုပ်သွားပါ။)

Splicer program မောင်းနှင်ခြင်း
Splice လုပ်မယ့် fiber အမျိုးအစားနဲ့ သင့်တော်တဲ့ program ကိုရွေးချယ်ပါ။
Splicer က splice လုပ်နေတဲ့ fiber ကို video screen ပေါ်မှာ ပြပါလိမ့်မယ်။



Fiber ends တွေကို ဖြတ်ရာကောင်းမကောင်း စစ်ပြီး (အပေါ်ကပုံလို) မကောင်းတဲ့ကောင် တွေကို ငြင်းပယ်ပါလိမ့်မယ်။ (cleaver ပြန်ဖြတ်ရပါမယ်)

Automated Splicing

Fiber ကိုနေရာချထားမယ်။
Prefuse cycle က fiber end က အညစ်အကြေးတွေကို ဖယ်ရှားပေးပါမယ် ပြီးတော့ fiber ကို splicing လုပ်ဖို့အတွက် ကြိုတင်အပူပေး (preheat) ပါမယ်။
Core alignment method ကိုသုံးပြီး fiber ကိုချိန်ညှိ (align) လုပ်ပါမယ်။
Automatic arc cycle က fiber နှစ်ခုကို electric arc နဲ့အပူပေးပြီး ထိန်းချုပ်ထားတဲ့ နှုန်းထားတစ်ခုနဲ့ ၄င်း fiber နှစ်ခုကို ရှေ့တွန်းခြင်းဖြင့် fiber နှစ်ခုကို ဆက် (fuse) ပါမယ်။
Fusion လုပ်ငန်းပြီးတဲ့အခါ splicing machine က ဆက်ရာ (splice) ကိုစစ်ဆေးပြီး ၄င်းဆက်ရာရဲ့ optical loss ကိုတွက်ချက်ပေးပါမယ်။ ဆက်ရာ (splice) ကပြန်လုပ်ဖို့လိုအပ်ရင် operator ကိုပြောပါလိမ့်မယ်။
Operator က guides တွေထဲကနေ fiber ကိုထုတ်ရပါလိမ့်မယ် ပြီးတော့ splice protector (sleeve) ထဲထည့်ပြီး အပူပေးရပါလိမ့်မယ်။


Evaluating Splices (ဆက်ရာကောင်းမကောင်း ဆုံးဖြတ်ခြင်း)
Good Splices
Fusion လုပ်ငန်းပြီးတဲ့အခါ splice (ဆက်ရာ) ကို X နဲ့ Y views နှစ်ခုစလုံးကို သုံးပြီး အမြင်နဲ့စစ်ဆေးပါမယ်။ Optical transmission ကို မထိခိုက်တဲ့ အချို့အပြစ်အနာအဆာတွေက လက်ခံလို့ရပါတယ် (ပြထားသလိုမျိုး)။ အချို့ fiber တွေ (e.g. fluorine-doped or titanium coated) က splice region (ဆက်ရာနေရာ) မှာ အဖြူ (သို့) အနက်ရောင် line လေးတွေ ဖြစ်စေပါတယ်။ ဒါတွေက faults တွေမဟုတ်ပါ။ (Sumitomo manual မှပုံများ)












Bad Splices
အချို့အပြစ်အနာအဆာတွေက လက်ခံလို့မရပါဘူး ပြီးတော့ splicing process ကိုပြန်စရ ပါမယ်။ အနက်ရောင် spots (သို့) lines တွေလိုမျိုး အချို့အပြစ်တွေက ARC step ကိုပြန်လုပ်ခြင်း အားဖြင့် ပိုကောင်းလာစေနိုင်ပါတယ်။ ဒါပေမယ့် ARC step ကိုဘယ်တော့မှ နှစ်ခါထက် ပိုမလုပ်ပါနဲ့။ Core offsets ကြီးတဲ့ကောင်တွေ ၊ အကွက်ပါတဲ့ကောင်တွေ (သို့) အဖုအဖောင်းပါတဲ့ကောင်တွေကို အမြဲတမ်းပြန်လုပ်ပါ။ (Sumitomo manual မှပုံများ)












Splice Problem Troubleshooting
ခုပြမှာကတော့ အဖြစ်များတဲ့ ပြဿနာတွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်း တွေပဲဖြစ် ပါတယ်။


Fusion current အရမ်းနည်း
Prefusion time အရမ်းနည်း


Electrodes တွေညစ်ပတ်
Fusion current အရမ်းများ
Prefusion time အရမ်းကြာ
Prefusion current အရမ်းများ
Autofeed အရမ်းနှေး (Splicng လုပ်စဉ် fiber ကိုတဖြည်းဖြည်းရှေ့တိုးပေးခြင်း)
Gap အရမ်းကျယ် (Fiber ends နှစ်ခုကြား အကွာအဝေး)


Current များလွန်း
Autofeed နှေးလွန်း
Prefusion time ကြာလွန်း
Prefusion current များလွန်း
Gap ကျယ်လွန်း
Electrodes ညစ်ပတ်


Autofeed မြန်လွန်း
Current မမှန်


Fiber ends တွေညစ်ပတ်
Cleave (ဖြတ်ရာ) ညံ့
Fusion current များလွန်း
Prefusion current or time နည်းလွန်း




Comments

  1. www.thefoa.org မှ fusion splicing အကြောင်းကို ဆီလျော်သလိုဘာသာပြန်သည်။

    ReplyDelete
  2. Great Blog, Thank you so much for sharing, there is so much reality written in this content and everything is something which is very hard to be argued. Top notch blog having excellent content. fiber optic splice closure

    ReplyDelete

Post a Comment

Popular posts from this blog

Fiber Optics Basics